Main menu

ဘိုကလေးမြို့နယ်၊ မြို့မဈေးရှိ “ဒေါ်မြင့်မြင့်မော်”ကုန်စုံဆိုင်တွင် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက် နံနက်(၉:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့ မြို့မဈေးရှိ “ဒေါ်မြင့်မြင့်မော်” စားအုန်းဆီအရောင်းဆိုင်အား သတ်မှတ် ရည်ညွှန်းဈေး နှုန်း ဖြင့် ရောင်း ချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ မြို့မဈေးရှိ “ဒေါ်မြင့်မြင့်မော်” စားအုန်းဆီ အရောင်းဆိုင်အား စစ်ဆေးခဲ့ရာ ညွှန်ကြားချက်ပါအတိုင်း စည်းမျဉ်းစည်းကမ်းများ၊ နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဆိုင်းဘုတ်တင် ချိတ်ဆွဲ ရောင်းချနေကြောင်း ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)