Main menu

ပြည်ဈေးကွက်မှာ ဈေးအမြင့်ဆုံးရလျက်ရှိတဲ့ ပြည်စားတော်ပဲ

Powered by Drupal

         ပြည်ဈေးကွက်တွင်  အရောင်းအဝယ်ဖြစ်နေသော လက်လီပဲသီးနှံများထဲတွင် စားတော်ပဲသီးနှံ သည်  ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရလျက်ရှိနေခဲ့ပါသည် ။  ပဲတစ်တင်း ၁၂၀၀၀၀ကျပ်ဖြင့် လက်လီ သမားနေ့စဉ်ဝယ်ယူခဲ့သောကြောင့် တစ်ရက်အိတ် ၂၀ကျော် ပုံမှန်ရောင်းဝယ်မှု ဖြစ်ခဲ့ကြပါသည်။ စားတော်ပဲသီးနှံသည်  ပဲဝင်ရောက်မှုမရှိသော်လည်း လှောင်သမားများရှိခဲ့သည့်အတွက် လက်လီ ဝယ်ယူမှုအပေါ် လိုသလောက်ရောင်းချနိုင်သော ပဲသီးနှံဖြစ်ပါသည်။  စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ပဲဈေးကွက်တွင်  ဈေးအမြင့်ဆုံးရနေသောကြောင့် ယခင်နှစ်ကလည်း ပဲတစ်တင်း ၇၀၀၀၀ကျပ်ဖြင့် နိုဝင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြကြောင်း သိရှိရပါသည်။  ယခုနှစ်တွင်  တစ်တင်းကျပ် ၅သောင်းကျော်ထိ ယခင်နှစ်ထက်ဈေးပိုရခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)