Main menu

ဘားအံမြို့ဈေးကောင်းရနေသော သံပရာသီး

Powered by Drupal

      ကရင်ပြည်နယ် ဘားအံမြို့၏ ဈေးကွက်အတွင်း သံပရာသီးများ ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။ သံပုရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက် ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်းသို့ဝင်ရောက်လာသော သံပုရာသီးများမှာ ဘားအံမြို့အနီး ရှိ ကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊မော်လမြိုင်နှင့် ရေးမြို့တို့ မှ ဖြစ်သည်။ မြန်မာ သံပုရာသီး အိတ်ကြီးတစ်အိတ်လျှင် (၂၃၀၀၀၀)ကျပ်ဖြစ်ပြီး တစ်အိတ်တွင် အလုံးရေ ၁၅၀၀ မှ ၁၇၀၀ ကြားအထိပါရှိသည်။ သံပုရာသီးဈေးနှုန်းများမှာ သံပုရာသီးအလုံးကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ် တစ်လုံးလျှင်(၃၀၀)ကျပ်နှင့် အလုံးသေးတစ်လုံးလျှင်(၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကာ ယိုးဒယားသံပုရာသီး တစ်လုံးလျှင်(၃၅၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ကရင်ပြည်နယ်ဒေသအတွင်း သံပုရာသီး၊ ရှောက်သီးများကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်  အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(ကရင်)