
အိန္ဒိယနိုင်ငံရှိ အိမ်ထောင်စုများအား အိမ်သုံးဆိုလာ လျှပ်စစ်တပ်ဆင်ရေးအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ကန်ဒေါ်လာ သန်း ၆၅၀ ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။
၂၀၂၇ ခုနှစ်တွင် အိမ်ထောင်စု ၁၀ သန်းအထိ ဆိုလာစွမ်းအင်အသုံးပြုနိုင်ရေး ဆောင်ရွက် ခြင်းဖြစ်သည်။ ယခုအစီအမံသည် အိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် PMSGMBY ဟု အမည်ရ သည့် နိုင်ငံတစ်ဝန်းရှိ အိမ်ခေါင်မိုးများတွင် ဆိုလာလျှပ်စစ်လွှမ်းခြုံရေးအစီအမံကို ကူညီဆောင် ရွက်ခြင်းဖြစ်သည်။ ယခုအစီအမံအရ အိမ်ခေါင်မိုးများတွင် ဆိုလာလျှပ်စစ်တပ်ဆင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး ဝင်ငွေနည်းနှင့် အလယ်အလတ်ဝင်ငွေရှိ အိမ်ထောင်စုများအား သင့်တော် သည့် အတိုးနှုန်းဖြင့် ဆိုလာတပ်ဆင်နိုင်ရေး ချေးငွေပေးမည်ဖြစ်သည်။ ယခုအစီအမံသည် နိုင်ငံ တစ်ဝန်းရှိ အိမ်ခေါင်မိုးများတွင် ဆိုလာလျှပ်စစ်ပမာဏ ၃၀ ဂျီဂါဝပ် ထုတ်လွှတ်နိုင်ရေး ရည်မှန်းချက် ကို ကူညီပေးမည်ဖြစ်ကာ တစ်နှစ်လျှင် ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၂၈ ဒသမ ၈ သန်းကို လျှော့ချ စေမည်ဖြစ်ပြီး အိမ်ထောင်စုများကို ဆိုလာလျှပ်စစ်သုံးစွဲခွင့်ရရှိစေမည်ဖြစ်သည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
