ပြည်ခရိုင်၊ ပြည်မြို့တွင်းရှိ ဈေးများတွင်ရောင်းချလျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် မြေပဲဆီတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်၆၈၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၄၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်လတွင် မြေပဲဆီ တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာ လျှင်၇၅၀၀ကျပ်ဖြင့် ဈေးမြင့်တက်လာခဲ့ပြီး၊ ဧပြီလတွင် မြေပဲဆီဈေးငြိမ်နေ၍ နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးမြင့်တက်လာခဲ့သလို စားအုန်းဆီတစ်ပိဿာလျှင်၇၂၀၀ကျပ် ဖြင့် ဈေးအနည်းငယ် ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ မေလတွင် မြေပဲဆီဈေး ဆက်လက်ငြိမ် နေပြီး၊ နှမ်းဆီ တစ်ပိဿာလျှင် ၇၇၀၀ကျပ်ဖြင့်ဈေးကျလာပြီး၊ စားအုန်းဆီမှာ တစ်ပိဿာလျှင် ၇၆၀၀ကျပ် ဖြင့် ဈေးပြန်လည် မြင့်တက်လာခဲ့ပါသည်။ ဇွန်လတွင် မြေပဲဆီတစ်ပိဿာလျှင် ၉၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၈၅၀၀ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် ၈၃၅၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် စားသုံးဆီများဈေးပြန်လည်မြင့်တက်လာခဲ့ပါသည်။ ဇူလိုင်လတွင် မြေပဲဆီတစ်ပိဿာကို ၁၀၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာကို ၈၄၀၀ကျပ်ဖြင့် ဆက်လက်မြင့်တက်လာခဲ့ပြီး နှမ်းဆီဈေးများ ငြိမ်နေကြောင်း တွေ့ရှိရပါသည်။ ဩဂုတ်လတွင် မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျင် ၁၁၀၀၀ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ၉၈၀၀ကျပ်ဖြင့် ဈေးအမြင့်ဆုံး သို့ရောက်ခဲ့ပြီး၊ ယခုနိုဝင်ဘာလဆန်းပိုင်းတွင် မြေပဲဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ် ဖြင့်ဈေး အနည်းငယ်ကျလာပြီး၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့်ဈေးမြင့်လာ၍ စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးများကျလာကာ လက်လီသမားတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)