Main menu

ချောင်းဆုံမြို့နယ်တွင် အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသောကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်ခြင်း

Powered by Drupal

      ၁.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့ နယ်၊ အမှတ်(၂)မြို့မဈေးရှိ အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသော ကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ တရားမဝင်ကုန်စည်များရောင်းချခြင်းရှိ/မရှိ ဈေး ကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်၊ အမှတ်(၂)မြို့မဈေးရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော အရန်သင့်အစားအစာအများစုမှာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ တရားမဝင်ကုန်စည်များရောင်းချနေမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး  အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာ တင်သွင်းရောင်းချကြရန်၊ တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုကြရန်နှင့် တရားမဝင်ကုန်စည်များရောင်းချခြင်း၏ ဆိုးကျိုးများအား အသိပညာပေးပြီး ဈေးကွက်စောင့် ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိပါသည်။

DOCA (မွန်)