Main menu

မနွယ်နွယ်အေး (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် .၁၂.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး (၁) ရှိ မနွယ်နွယ်အေး (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Golden Dragon အမှတ်တံဆိပ်ပါ ရှာလကာရည်သည် ငရုပ်ဆီနှင့်အချဉ်ရည်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)