Main menu

လှိုင်လှိုင်ပေါ်နေတဲ့ မုန်လာဥဖြူဈေးကွက်နှင့် ဆက်လက်မြင့်တက် ပြည်ကြက်သွန်နီဈေးကွက်

Powered by Drupal

        ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ မှော်ဇာတို့ ဘက်မှထွက်ရှိသော ဒေသထွက်ကုန်မုန်လာဥများ ရောင်းချလျက်ရှိပါသည်။ ယခုအခါ မုန်လာဥများ လှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်သောကြောင့် စားသုံးသူများမှာ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ စားသောက် ကြပါသည်။ မုန်လာဥဈေးများမှာ ဥအကြီး တစ်စီးလျှင် ၄၀၀ကျပ်၊ မုန်လာဥအလတ် တစ်စီးလျှင် ၃၀၀ကျပ်၊ မုန်လာဥအသေးတစ်စီးလျှင် ၁၀၀-၂၀၀ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        ပြည်ဈေးကွက်သို့ ကျောက်ပန်းတောင်းဘက်မှ ကြက်သွန်နီအိတ် ၁၀၀ကျော်၊ ဆိပ်ဖြူဘက်မှ အိတ် ၁၅၀ခန့် မြင်းခြံနှင့် မုံရွာဘက်မှ ကြက်သွန်နီအိတ် ၅၀ခန့် အသီးသီးဝင်ရောက်မှုရှိနေပါသည်။ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မြဝတီဘက်နှင့် ဗီယက်နမ်ဘက်တို့မှ အဆွဲများနေခြင်းကြောင့်ဖြစ်ပြီး ဒေသတွင်း ဈေးကွက်များမှာလည်း ဈေးကောင်းလျက်ရှိနေတာဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင် တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ အရောင်းအဝယ်မှာ ပုံမှန်ဝယ်လက်များ ဖြင့်သာ ရောင်းဝယ်မှုရှိနေပြီး ဈေးနှုန်းမှာ ယခင်အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ် ၃၈၀၀နှုန်းဖြင့် အများဆုံး ရောင်းဝယ်မှုရှိကာ ယခုနိုဝင်ဘာပထမပတ်တွင် ကျပ် ၄၂၀၀-၄၃၀၀ တို့နှင့် ရောင်းဝယ်မှု ရှိနေပါသည်။

DOCA(ပဲခူး)