
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦ (ရုံးအုပ်)သည်(3.၁2.၂၀၂၅) ရက်နေ့ (၁0:၀၀) နာရီအချိန်တွင် နန်းမားမြို့၊ ခရုချောင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူများအား အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးများ ၊ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီ ထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမှုခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့်အခွင့်အရေး၊ အချိုရည်အမျိုးမျိုးတို့တွင် တားမြစ်ထားသောအန္တရာယ်ရှိသည့် ဓာတုဆိုးဆေး များအကြောင်း၊ အသင့်စားခေါက်ဆွဲခြောက်များ၏ အန္တရာယ်များအကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား/သူများအား 1535 Consumer Call Center လိုင်းခွဲ(1)သို့လက်တွေ့ခေါ်ဆို၍ တိုင်ကြားရ မည့် နည်းလမ်းအား အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ကချင်)
