Main menu

ပြည်မြို့နယ်အတွင်း လိမ္မော်သီးဈေးကွက်

Powered by Drupal

       ပြည်မြို့ရှိ လိမ္မော်သီးဈေးကွက်မှာ ဈေးနှုန်းများကျဆင်းခြင်းမရှိဘဲ ပုံမှန်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ လိမ္မော်ပင်များသည် ဒေသတစ်ခုနှင့် တစ်ခုစိုက်ပျိုးချိန်နှင့် မြေအနေအထား၊ ရာသီဥတုအခြေအနေ၊ ဒေသအနေအထားအရ အသီးသီးကွဲပြားပါသည်။ အများအားဖြင့် မတ်လနှင့် ဧပြီလတွင် စတင်အသီးသီးပြီး အောက်တိုဘာလတွင် အသီးများလှိုင်လှိုင်ထွက်ရှိပါသည်။ လိမ္မော်သီး အား တောင်ကြီးနှင့် လားရှိုးတို့တွင် စိုက်ပျိုးပြီး ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်များတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ လိမ္မော်ပင် တစ်ပင်လျှင် အသီး ၂၀-၂၅ ပိဿာခန့်ထွက်ရှိသည်ဟု သိရှိပါသည်။ ပြည်မြို့နယ်အတွင်း ဝင်ရောက်လာသော လိမ္မော်သီးများမှာ တောင်ကြီး၊ လားရှိုးဒေသများမှ အလုံးချောချောများဝင်ရောက်ပြီး၊ ဟင်္သာတမြို့နယ်များမှ ဝင်ရောက်လာသောအသီးများမှာ ပိဿာချိန်ဖြင့် ရောင်းချရသောအသီးများဖြစ်ကာ ပြည်မြို့မှတစ်ဆင့် အခြားမြို့နယ်များသို့ ပြန်လည်၍ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။

        ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော လိမ္မော်သီးဈေးနှုန်းများမှာ အလုံးချောတစ်လုံးလျှင် ၁၀၀၀-၁၅၀၀ကျပ် နှင့် အချိန်နှင့် ရောင်းချသော လိမ္မော်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)