Main menu

ဗြီတိန်နိုင်ငံနှင့် ဆေးဝါးဆိုင်ရာ အခွန်ကင်းလွတ်ခွင့်သဘောတူညီချက်ကို အမေရိကန်ကြေညာ

Powered by Drupal

          အမေရိကန်နိုင်ငံသည် ဗြီတိန်နိုင်ငံ၏ ဆေးဝါးဆိုင်ရာထုတ်ကုန်များနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာများအပေါ် အခွန်ကင်းလွတ်ခွင့်သဘောတူညီချက်အား ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကြေညာခဲ့ကြောင်းနှင့် အဆိုပါ သဘောတူညီချက်သည် ဗြီတိန်နိုင်ငံအား ဆေးဝါးများအပေါ်ပိုမို ရင်းနှီးလာစေရန် ဦးတည်နေကြောင်း သိရပါသည်။ အဆိုပါသဘောတူညီချက်သည် ဆေးဝါးဆိုင်ရာကဏ္ဍများတွင်သုံးစွဲမည့် နိုင်ငံပိုင်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုရန်ပုံငွေကို မြင့်တက်စေရန် ပါဝင်ကြောင်းသိရပါသည်။ ဗြီတိန်နိုင်ငံသည် သဘောတူညီမှုအောက်တွင် ဆေးဝါးအသစ်များအတွက် ၂၅ ရာခိုင်နှုန်းဈေးနှုန်းမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ သမ္မတ Donald Trump သည် အမေရိကန်ဆေးဝါးများအတွက် ဗြီတိန်နိုင်ငံနှင့် ဥရောပနိုင်ငံများအား ပေးဆောင်ရန်ဖိအားပေးလျက်ရှိကြောင်း သိရပါသည်။ ဆေးဘက် ဆိုင်ရာလုပ်ငန်းသည် ဗြီတိန်နိုင်ငံ၏ခက်ခဲစွာလည်ပတ်နေသော ပတ်ဝန်းကျင်ကို ဝေဖန်ခဲ့ပြီး အဓိကကုမ္ပဏီများသည် ဗြီတိန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းခဲ့ကြောင်း သိရပါသည်။ အဆိုပါဆေးဝါးကဏ္ဍနှင့် အစိုးရအကြား အငြင်းပွားမှုအ‌ကြောင်းအရာတစ်ခုမှာ ကုမ္ပဏီများက ရောင်းချမှုအချိုးအစားကို အမျိုးသားကျန်းမာရေးဝန်ဆောင်မှုသို့ ပြန်လည်ထည့်သွင်းရခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က ဗြီတိန်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ပြန်အမ်းငွေ ၁၅ ရာခိုင်နှုန်းကျဆင်းမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)