Main menu

ပြည်မြေပဲဆန်ဈေး အနည်းငယ်ကျသော်လည်း အရောင်းအဝယ်ပုံမှန်ဖြစ်

Powered by Drupal

       ပြည်ဈေးကွက်တွင် မြေပဲဆန်များ ယခုနိုဝင်ဘာလဆန်းပိုင်းအထိ ဝင်ရောက်မှုရှိနေသေးသဖြင့် တစ်နေ့လျှင် အိတ် ၄၀၀/၅၀၀ခန့် ဝင်ရောက်မှုရကြောင်း တွေ့ရှိရပါသည်။ မြေပဲဆန်များကို မြန်အောင်၊ ကြံခင်း၊ ဝက်ထီးကန်နှင့် ပေါက်ခေါင်းဘက်မှ ဝင်ရောက်မှုရှိပြီး ဝင်သလောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ လုံးဆန် (အဖြူ)ကို ယိုးဒယားသို့တင်ပို့ရန်အဝယ်ရှိသလို၊ လုံးဆန်(အနီ) ကို မြို့တွင်း ပဲကြော်သမားများနှင့် လက်လီသမားများကအဝယ်ရှိပြီး ဆီဆန်ကို မြို့တွင်းဆီစက်များက အဝယ်ရှိကြောင်း တွေ့ရှိရပါသည်။ ယခုနိုဝင်ဘာ ပထမအပတ်တွင် မြေပဲဆန်ဈေးနှုန်းများမှာ မြေပဲဆီဆန် တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် ယခင် အောက်တိုဘာလကုန်ပတ်ကအတိုင်း ဈေးငြိမ်နေပြီး၊ မြေပဲလုံး ဆန်(အဖြူ)တစ်ပိဿာလျှင် ၅၃၀၀ကျပ်၊  (အနီ)တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ယခင် အောက်တိုဘာ လကုန်ပတ်ထက်စာလျှင် တစ်ပိဿာ ၂၀၀ကျပ်ခန့် ဈေးများကျဆင်းလာကြောင်း တွေ့ရှိရပါသည်။  ဈေးနှုန်းများ ကျဆင်းနေသော်လည်း အရောင်းအဝယ်မှာ နေ့စဉ်ဖြစ်ပြီး မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)