ပြည်ဈေးကွက်၌ ယခုနိုဝင်ဘာလဆန်းပိုင်းတွင် နှမ်းဈေးများကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ ဈေးကွက်သို့ နှမ်းဝင်ရောက်မှုမရှိသော်လည်း ယခင် ပစ္စည်းလက်ကျန်ရှိသောကြောင့် နှမ်းဈေးများ ကျဆင်းနေပါသည်။ နှမ်းဈေးများ ကျဆင်းနေသောကြောင့် ကုန်သည်ပွဲစားများက ထုတ်၍ ရောင်းချမှုမရှိသဖြင့် ဝယ်လက်များရှိသော်လည်း အရောင်းအဝယ်ပါးနေကြောင်း တွေ့ရှိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၂၁၀၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် ၂၃၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၂၆၀၀၀၀ကျပ်ဖြင့် ယခင်အောက်တိုဘာလကုန် အပတ်ထက်စာလျှင် ဈေးများကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ ဈေးများကျဆင်းလာသော်လည်း အရောင်းအဝယ်အေးနေကြောင်း တွေ့ရှိရပါသည်။ နှမ်းသီးနှံမှာ အရောင်းအဝယ်ပါးသော်လည်း နှမ်းဆီမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ပိဿာလျှင် ၁၁၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)