
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုးနှင့် ဝန်ထမ်း များသည် ၆-၁၂-၂၀၂၅ ရက်၊ စနေနေ့ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေး ခ.မ.ရ (၂၀၂) တပ်ရင်းခန်းမတွင် (အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ ရဲမေ)များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဟောပွဲကျင်းပ ခဲ့ကြောင်း သိရှိ ရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေး အကြောင်းသိကောင်းစရာများပြောကြားခဲ့ပြီး ဆက်လက်၍ ရုံးအုပ် ဒေါ်သီတာဌေးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို Power Point ဖြင့် (အရာရှိ၊အရာခံ၊ အကြပ်၊ စစ်သည်၊ ရဲမေ)များကို လွယ်ကူစွာသိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip များအား Short Video ဖြင့်ပြခဲ့ပါသည်။
အခမ်းအနားပြီးဆုံးပြီးနောက် (အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ ရဲမေ)များမှ အရာခံဗိုလ် ဦးကျော်ကံအောင်မှ ကျေးဇူးတင်စကားပြောကြားပြီး သိရှိလိုသည်များမေးမြန်၍ ထပ်မံဆွေးနွေး ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ခမရ (၂၀၂) တပ်ရင်းမှ အရာရှိ၊ စစ်သည် (၁၇)ဦး နှင့် ရဲမေ (၄၈) ဦး စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ပြီး ဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ကရင်)
