Main menu

ပြည်မြို့၏ အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

         ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ပြည်မြို့၏ အခြေခံစားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် အောက်တိုဘာ စတုတ္ထအပတ်က ၃၆၀၀ကျပ် ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ၄၀၀၀ ကျပ်ဖြင့် တစ်ပိဿာလျှင် ၄၀၀ကျပ်ခန့် ဈေးကျလာခဲ့ပါသည်။ စားအုန်းဆီဈေးနှုန်းများမှာ အောက်တိုဘာ စတုတ္ထအပတ်က တစ်ပိဿာလျှင် ၇၅၀၀ကျပ်ထိဈေးရှိသော်လည်း ယခုနိုဝင်ဘာလ ဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် တစ်ပိဿာလျှင် ၁၀၀၀ခန့်ဈေး ကျလာခဲ့ပါသည်။ ကြက်သွန်ဖြူရှမ်းနှင့် ကြူကုတ်ဈေးမှာ တစ်ပိဿာလျှင် လက်ကားဈေး ၄၀၀၀ကျပ်၊ လက်လီ တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး၊ ထိုအတူ မန်ကျည်းမှည့်တစ်ပိဿာလျှင် လက်လီဈေး ၅၀၀၀ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၁၅၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ သကြားတစ်ပိဿာလျှင် ၂၄၀၀ကျပ်ဖြင့် ယခင်အောက်တိုဘာ စတုတ္ထအပတ်ကအတိုင်း ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။ နိုဝင်ဘာလဆန်းတွင် ပြည်မြို့ရှိအခြေခံစားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီဈေးသာ အနည်းငယ်တက်ပြီး ကျန်စားကုန်များမှာ ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)