Main menu

မင်းဘူးခရိုင်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

   စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်၊ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်း ရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပေးရန်နှင့် အတည်ပြုဆုံးဖြတ်ပေးရန်၊ စားသုံး သူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးခန်းမ၌ (.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) အချိန်တွင် (/၂၀၂၅) ကြိမ် မြောက် ခရိုင်စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

          ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အတွင်းရေးမှူးက ၂၀၂၅ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလများအတွင်း စားသုံး သူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ဆွေး နွေးချက်များအပေါ် ဆုံးဖြတ်ချက်များရယူခြင်း၊ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ ဆွေး နွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စားသုံးသူရေးရာ ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် အခြားဌာနမှ ဝန်ထမ်းများအပါအဝင် စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)