
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် (၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၉၈)အခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၇)ဦး၊ ကျောင်းသား/ကျောင်းသူ (၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်း ချက်၊ ရည်မှန်းချက်များ၊ ဌာနတွင်ဆောင်ရွက်နေသည့် အသိပညာပေးလုပ်ငန်းများအကြောင်းအား လည်းကောင်း၊ စီမံရေးရာဌာနခွဲ(ဝန်ထမ်း)တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက် အကြောင်း ကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲမှ ဝန်ထမ်းတစ်ဦးက စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များအကြောင်းနှင့် နစ်နာဆုံးရှုံးမှုများအတွက် “စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာ(CICC)” ရုံးများဖွင့်လှစ်ထားကြောင်း၊ Consumer Call Center ဖုန်းနံပါတ်(1535)သို့ ခေါ်ဆို တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နေရာများအား အသေးစိတ်ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား Call Center ခေါ်ဆိုမှု လက်တွေ့ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
