
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မျိုးသန္တာဝင်း နှင့်ဝန်ထမ်းများအဖွဲ့ သည် ဦးစားပေး ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီး ပြည့်စုံပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ် ၍(၃.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၄၅) အချိန် တွင် ပခုက္ကူမြို့၊ အမှတ်(၉၈)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် မုန့်မျိုး စုံရောင်းချသည့် ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့်လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန် ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ရောင်းချသည့် ကျောင်းမုန့်ဈေးတန်းများတွင် မြန်မာ့အစားအစာ မုန့်မျိုးစုံများကိုသာ အများဆုံးရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။
DOCA(မကွေး)
