Main menu

မုံရွာမြို့ရှိ ငရုတ်သီးဈေးကွက်

Powered by Drupal

         မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့ရှိ ပွဲရုံများမှ တစ်ဆင့်ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။ မုံရွာမြို့တွင်စိုက်ပျိုးသော ကျောက်စိမ်းငရုတ်သီးဈေးမှာ ယခုလက်ရှိအချိန်တွင် ပွဲရုံ လက်ကားဈေး တစ်ပိဿာလျှင် (၂၀၀၀-၂၂၀၀)ကျပ်နှုန်း၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၂၄၀၀-၂၆၀၀)ကျပ်နှုန်းတို့ဖြင့် အကြောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ငရုတ်သီးစိမ်း ဈေးကောင်း ရရှိနေခြင်းကြောင့် စိုက်ပျိုးသူ တောင်သူများလည်း အကျိုးအမြတ် ဖြစ်ထွန်းကာ အဆင်ပြေနေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)