Main menu

KORE Art & Fashion Online Shop အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

          (၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် ရန်အေးလမ်း၊ (၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်ရှိ “    KORE Art & Fashion Online Shop” မှ “အဝတ်အထည်”များ အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ မရှိစစ်ဆေးခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများအား Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ စိစစ်ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)