Main menu

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလအတွင်း မကွေး/ချောက်ခရိုင်၏ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံရုံးအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့ ဒေသများတွင် လုပ်ကိုင်ဆောင်ရွက်နေသော ပြည်တွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်တို့အား သွားရောက်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းမေးမြန်းခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ မကွေး/ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၅-ခုနှစ်၊ နိုဝင်ဘာ လတွင် တောင်တွင်းကြီးမြို့၊ တိုးချဲ့(၄)ရပ်ကွက်၊ ဆတ်သွားကျေးရွာရှိ “သစ္စာ”ကိတ်မုန့်လုပ်ငန်းအား လည်းကောင်း၊ ချောက်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ “စိုး” ပါပလာ လုပ်ငန်းနှင့် အမှတ် (၁၅)ရပ်ကွက်ရှိ “သန္တာ”မရွေး မုန့်လုပ်ငန်းအားလည်းကောင်း၊ ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ “မသက်သက်နှင့် ညီမ များ” ပဲကြော်လုပ်ငန်းနှင့် ရေခဲစက်ရပ်ရှိ “ထွန်းအောင်လှိုင်” ပဲကြော် လုပ်ငန်းအားလည်းကောင်း၊ စုစု ပေါင်း လုပ်ငန်းရှင် (၅)ဦးတို့အား သွားရောက်တွေ့ဆုံ၍ ကုန်ကြမ်း ဝယ်ယူရရှိမှု၊ ကုန်ချောထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် ဈေးနှုန်းအခြေအနေများအား မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)