
(၃.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၅)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ပါ(၂)ဦး၊ ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဇော်ကိုကို၊ ဆီကိုယ်စားလှယ် ဦးအောင်အောင်တို့ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ (၁၄)ရပ်ကွက်မှ စားသုံးသူပြည်သူများထံသို့ စားအုန်းဆီလက်ဝယ်ရရှိမှုအားမေးမြန်း၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်ကားကိုယ်စားလှယ်ဦးညီညီထွေးမှ (၁၄)ရပ်ကွက်အတွင်း ဖြန့်ဝေရောင်းချပေးသော စားသုံးသူပြည်သူ ဦးမောင်မြင့် အမှတ်(၁၈၆၆/ခ)၊ မန္တလေးလမ်းသို့ ရောက်ရှိခဲ့ရာ ကိုယ်စားလှယ်ထံတွင် (၁)ပတ်ကို (၅၀)ကျပ်သားနှုန်းဖြင့် တစ်လကို (၂.၅၀)ကျပ်သား ရရှိပါကြောင်း၊ ကိုယ်စားလှယ်မှလည်း လာရောက်ထုတ်ယူရမည့်ရက်ကို စာအုပ်တွင် ယခင်အပတ်မှ ရေးသွင်းပေးထားပါကြောင်း၊ ထုတ်ရက်ကျော်လျှင်လည်း နောက်နေ့တွင် ပြန်လည်ထုတ်ပေးပါကြောင်း၊ ထုတ်ယူရာတွင်လည်း အဆင်ပြေပါကြောင်း၊ ဈေးနှုန်းကိုလည်း တိကျစွာစာအုပ်တွင် ရေးသားပေးကြောင်း မိမိဌာနမှလည်း အဆင်မပြေမှုများရှိလျှင် တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
