Main menu

မြောက်ဒဂုံမြို့နယ်အတွင်း ဆေးဆိုင်များနှင့် ဆေးကုမ္မဏီတို့အား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်မြောက်ဒဂုံမြို့နယ်၊  အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနတို့နှင့်ပူးပေါင်း၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး(၄.၁၂.၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းဆေးနှင့် ဆေးပစ္စည်းများအားလက်ကား ဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆက်စပ်ဌာနများပါဝင်သောအဖွဲ့စုံများနှင့် ပူးပေါင်း၍   ဆေးဝါးများဈေးနှုန်း အတက်/ အကျဖြစ်ပေါ်မှုအခြေအနေနှင့်၊ ဆေးဝါးပစ္စည်းလက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)