Main menu

စျေးကွက်အတွင်း အရောင်းသွက်သည့်တစောင်းခါး

Powered by Drupal

   မန္တလေးကုန်စိမ်းစျေးကွက်တွင် နတ်တော်လဆန်း ကာလတွင် တစောင်းခါးနှင့် တစောင်း ချဉ်ကုန်စိမ်းများဝင်ရောက်မှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းစျေးကွက်သို့ မန္တလေး တိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်တစောင်းခါးနှင့် တစောင်း ချဉ်များဝင်ရောက်ကြောင်း  သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း စျေးကွက်အတွင်း ဖြစ်ပေါ်နေသည့်စျေးများမှာ တစောင်းခါးနှင့်တစောင်းချဉ် တစ်ပိဿာလျှင် လက္ကားစျေး ၈၀၀၀ကျပ်နှင့် ၈၅၀၀ကျပ်၊လက်လီစျေး ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချ ကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံ ဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီး အကြားဝင် ရောက် လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)