Main menu

ဒေသထွက်မြေပဲဆံနှင့် မြေပဲဆီဈေးနှုန်းအနည်းငယ်မြှင့်တက်လျက်ရှိ

Powered by Drupal

      ကယားပြည်နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကိုလည်း မိုး၊ဆောင်း အဓိကထား စိုက်ပျိုးလျှက်ရှိပြီး မြေပဲကို လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြပြီး ဒေသထွက်မြေပဲကိုဒေသတွင်း ကြိတ်ခွဲ၍ စားသုံးမှုများပြီး အခြားဒေသဖြစ်သည့် တောင်ငူနှင့်ရန်ကုန်သို့ အနည်းငယ်သာ တင်ပို့မှုရှိကြောင်း ၊ လက်ရှိ နိုဝင်ဘာလ တတိယပတ်ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဒေသထွက်မြေပဲဆံနှင့်မြေပဲဆီဈေးနှုန်းမှာ မြေပဲဆံတစ်ပိဿာ လျှင်(၆၅၀၀) ကျပ်၊ မြေပဲဆီသန့် တစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိ ပြီး ယခင်အောက်တိုဘာလ တတိယပတ်တွင် မြေပဲဆံဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀)ကျပ် နှင့် မြေပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ရှိခဲ့ပြီး ယခင်အောက်တိုဘာတတိယပတ် နှင့် ယခု နိုဝင်ဘာတတိယပတ် နှိုင်းယှဉ်လျှင် မြေပဲဆံ တစ်ပိဿာလျှင် (၅၀၀) ကျပ် ၊ မြေပဲဆီ တစ်ပိဿာ လျှင်(၅၀၀)ကျပ်ခန့် အနည်းငယ်မြှင့်တက်လာကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)