Main menu

ဈေးကွက်အတွင်း၌သကြားဈေးနှုန်းအနည်းငယ်မြှင့်တက်လျှက်ရှိ

Powered by Drupal

         သကြားကိုရိုးရာမုန့်လုပ်ငန်းများနှင့် အခြားမုန့်ပဲသရေစာလုပ်ငန်းများတွင် မပါမဖြစ် အသုံးပြုကြပါသည်။ သကြားကိုတောင်ကြီး၊ ရန်ကုန်မြို့ကြီးများမှတင်သွင်းပြီး လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ ဈေးကွက်အတွင်းယခုနိုဝင်ဘာလတွင် သကြားဈေး နှုန်းမှာ သကြားအညိုတစ်ပိဿာလျှင်(၃၀၀၀)ကျပ်ခန့်ရှိပြီး ယခင်အောက်တိုဘာလအတွင်း သကြားအညိုတစ်ပိဿာဈေးနှုန်းမှာ(၂၅၀၀)ကျပ်သာရှိပြီး ယခင်လနှင့်ယခုလဈေးနှုန်းနှိုင်းယှဉ် ကြည့်လျှင် သကြားညိုတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် ဈေးနှုန်းအနည်းငယ်တက်လာကြောင်း သီရီမဂႅလာဈေးအတွင်းသကြားရောင်းချသူတစ်ဦး ထံမှသိရပါသည်။

DOCA(ကယား)