Main menu

ဒေးဒရဲမြို့တွင် စားအုန်းဆီများသတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း စားသုံးဆီများဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းစျေးနှုန်းများချမှတ်ပေးလျက်ရှိရာ (၃-၁၂-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့် ၀န်ထမ်းတို့သည်မြို့မ‌ဈေးအတွင်း စားအုန်းဆီအ‌ရောင်းဆိုင်များတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း စျေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
    ကွင်းဆင်းစစ်ဆေး‌ရာတွင် ဒေးဒရဲမြို့နယ်အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ဗီနှိုင်းများကပ်၍ ရောင်းချနေကြောင်း သိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ် ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချရန်နှင့် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုး မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

(Doca ဧရာဝတီ)