Main menu

ပေါက်ချောင်းဈေးတွင် ကညွှတ်များအရောင်းအဝယ်ဖြစ်

Powered by Drupal

   မိတ္ထီလာမြို့ရှိ ပေါက်ချောင်းဈေးရှိ ကုန်စိမ်းဈေးကွက်တွင် ကညွှတ်များအရောင်းအဝယ်ဖြစ်လာကြောင်းသိရသည်။ မလှိုင်မြို့နယ်ရှိ ကညွှတ်စိုက်ပျိုးသောကျေးရွာများမှ ဝင်ရောက်ကြောင်း သိရသည်။ ကညွှတ်မှာကုန်စိမ်းသီးနှံများတွင် ဈေးကောင်းခြင်းကြောင့် အခြေခံလူတန်းစားများ စားသုံးမှုနည်းကာ ဟိုတယ်၊ စားသောက်ဆိုင်ကြီးများကဝယ်ယူမှုများသော်လည်း ယခုအခါဈေးကွက် တွင် အဝင်များကာ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် (၅၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ပေါက်ချောင်းဈေးတွင်ကညွှတ်တစ်စီးလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

DOCA(မန္တလေး)