Main menu

မိတ္ထီလာမြို့ဆောင်းရာသီစာ ထန်းမြစ်ဈေးနှုန်းဈေး

Powered by Drupal

  မိတ္ထီလာမြို့၊ ပြည်သာယာဈေးတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်တွင် ရောင်းချ လျက်ရှိသော ထန်းမြစ်များကို မိတ္ထီလာမြို့နှင့်အနီးတဝိုက်ကျေးရွာများရှိ ထန်းပင်များမှ တိုက်ရိုက် ထွက်ရှိသည်ဟု သိရပါသည်။ လက်ရှိဈေးနှုန်းများအရ (၁၀)ချောင်းပါတစ်စီးကို(၂၅၀၀)ကျပ်၊ (၂၅)ချောင်းပါတစ်စီးလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ထန်းမြစ်ကို မီးဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်းစားသုံးကြပါသည်။ မိတ္ထီလာမြို့တွင် ထန်းမြစ်ဈေးနှုန်း၊ ဈေးကွက်အနေနှင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ပြည်သာယာဈေးရှိ ကုန်သည်များထံမှသိရသည်။

DOCA(မန္တလေး)