Main menu

မိတ္ထီလာမြို့၊ ထောပတ်ပဲနှင့်ပဲလိပ်ပြာဈေးနှုန်းဈေးကွက်

Powered by Drupal

   မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ထောပတ်ပဲနှင့်ပဲလိပ်ပြာ ဈေးကွက်တွင် ဒီဇင်ဘာလပထမပတ်၌ ဈေးအနည်းငယ်ကျဆင်းလာကြောင်းသိရသည်။ နိုဝင်ဘာလပထမပတ်တွင် ထောပတ်ပဲကို နို့ဆီဘူးတစ်ဘူးလျှင် (၁၂၀၀-၁၃၀၀)ကျပ်၊ ပဲလိပ်ပြာနို့ဆီဘူးတစ်ဘူးလျှင် (၁၂၀၀)ကျပ်ဈေးဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။ ထောပတ်ပဲနှင့် ပဲလိပ်ပြာများကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်ဘက်မှ အများဆုံးဝင်ရောက် ကြောင်းဈေးကွက်မှသိရသည်။ ယခင်တပတ်နှင့်နှိုင်းယှဉ်ပါက ပဲဈေးနှုန်းမှာ အနည်းငယ်ကျဆင်း လာကြောင်း ပြည်သာယာဈေးရှိကုန်စိမ်းသည် များထံမှသိရပါသည်။

DOCA(မန္တလေး)