
မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ဒီဇင်ဘာလပထမပတ်တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥဈေးနှုန်းအနေဖြင့် ကြက်ဥအလုံးအသေးတစ်လုံးလျှင် (၃၈၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၄၀၀) ကျပ်၊ အကြီးတစ်လုံးလျှင်(၄၅၀)ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥအသေးတစ်လုံးလျှင်(၆၀၀)ကျပ်၊ အကြီး တစ်လုံးလျှင်(၆၅၀)ကျပ်ဖြင့်လည်းကောင်း အသီးသီးရောင်းချလျက်ရှိရာ ယခင်နိုဝင်ဘာလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်းဈေးကွက်မှသိရပါသည်။ မိတ္ထီလာ ဈေးကွက်သို့ ကြက်ဥ၊ ဘဲဥများမှာ တောင်ကြီး၊ ပဲခူးတို့မှ ဝင်ရောက်ကြောင်းသိရသည်။
DOCA(မန္တလေး)
