သာယာဝတီခရိုင် သာယာဝတီမြို့နယ်ရှိ စိုက်ပျိုးရေးသင်တန်းကျောင်းသို့ ၁၅.၁၁.၂၀၂၂ ရက်နေ့ ၊ နေ့လယ် ၁: ၀၀ နာရီ အချိန်တွင် သာယာဝတီမြို့နယ် စိုက်ပျိုးရေးသိပ္ပံ လုပ်ငန်းခွင်အကြိုလယ်ယာသုံး စက်ကိရိယာများ မောင်းနှင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းမှ စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိကောင်းစရာအချက်များကို အသိပညာပေးဆွေးနွေးခဲ့ရာ အခမ်းအနားသို့ စက်မှု လယ်ယာဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းဆင်းကျောင်းသား/ ကျောင်းသူများ၊ တက်ရောက်လာသူစုစုပေါင်း ၁၅၀ ဦးအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)