
မိတ္ထီလာမြို့ပေါ်ရှိ ပေါက်ချောင်းဈေးထဲတွင် ထောပတ်သီးများကို စက်တင်ဘာလအစမှ စတင်ရောင်းချခဲ့ရာ ယခုဒီဇင်ဘာလတွင် ထောပတ်သီးအဝင်များပြားလာသဖြင့် ထောပတ်သီးဈေးနှုန်းမှာ အနည်းငယ် ကျဆင်းလျက်ရှိကြောင်းသိရသည်။ ထောပတ်သီးများကို ပြင်ဦးလွင်၊ တောင်ကြီး၊ ကလောဘက်များမှ အများဆုံးဝင်ကြောင်းသိရသည်။ ယခင် နိုဝင်ဘာလတွင် ထောပတ်သီးများကို အကြီးတစ်လုံးလျှင် ၉၀၀ကျပ် ၈၀၀ကျပ် အသေးတစ်လုံးလျှင် ၆၀၀ကျပ် ၅၀၀ကျပ် အသီးသီး ရောင်းချခဲ့ကြပြီး ယခု ဒီဇင်ဘာလတွင် ထောပတ်သီး အဝင်များလာသောကြောင့် အလုံးကြီး တစ်လုံးလျှင် ၅၀၀ ကျပ်၊ ၄၀၀ ကျပ် အသေးတစ်လုံးလျှင် ၃၀၀ ကျပ်ဟူ၍ ထောပတ်သီးဈေး အနည်းငယ်ကျဆင်း ကြောင်း ရောင်းချသူတစ်ဦးထံမှသိရပါသည်။
DOCA(မန္တလေး)
