
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် MyRo၌မှတ်ပုံတင်ထားသော သိုလှောင်ရုံများကို လစဉ်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများကို မှန်ကန်စွာထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအတိုင်း သိုလှောင်ထား ရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား သာယာဝတီခရိုင်ဦးစီးမှူးရုံးအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ (၁.၁၂.၂၀၂၅) ရက်နေ့တွင်လက်ပံတန်းမြို့နယ် ရွှေကြည်သန်း ဆန်စက် (၂.၁၂.၂၀၂၅) ရက်နေ့တွင် လက်ပံတန်းမြို့နယ် မှော်အင်းကျေးရွာ ဦးညိုဝင်းဆန်စက်နှင့် ဓနုသဟာရဆန်စက် ဦးကျော်နိုင်ဦး သိုလှောင်ရုံများမှကုန်ရ ကုန်ထုတ်၊လက်ကျန်အခြေအနေများကို ကူညီဖြည့်သွင်းဆောင်ရွက်နိုင်အောင် လက်တွေ့သင်ကြား ပြသပေးပြီး စာရင်းရေး သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံ လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ အခက်အခဲများရှိပါက လာရောက်မေးမြန်းနိုင်ပါကြောင်း ညွှန်ကြားချက်များကိုလည်း လိုက်နာကြပါရန်နှင့် ဆန်စပါးမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်ညွှန်ကြား ချက်များကို သိရှိစေရန်ရှင်းလင်းတင်ပြဆွေးနွေးပြီး လစဉ်/လတိုင်း၊ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် များဖြည့်သွင်းရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။
DOCA(ပဲခူး)
