နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဘက်စုံသုံး ဝါးခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။ ခြင်းတောင်းယက်လုပ်သူများအနေဖြင့် ဝါးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့် ဝယ်ယူရပြီး၊ ဝါးတစ်လုံးယက်လျှင် ခြင်းတောင်း ၅ လုံး ရရှိပါသည်။ ခြင်းတောင်းတစ်လုံးလျှင် ယက်ခ ၁၀၀၀ ကျပ်ပေးရပြီး ၂၅၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချသည်ဟု သိရှိရပါသည်။ တစ်နေ့ ဝါးါးလုံး ၂ လုံးဖြင့် ခြင်းတောင်း ၁၀ လုံးကျ ယက်လုပ်နိုင်ခြင်းကြောင့် အကျိုးအမြတ်ပုံမှန် ၁၂၀၀၀ ကျပ် အထိရရှိကြောင်း ခြင်းတောင်းယက်လုပ်ရောင်းချသူ ဦးကြီးမောင် (အုန်းပင်ရွာ)ထံမှ သိရှိရပါသည်။ ဘက်စုံအသုံးပြုနိုင်ရန် ယက်လုပ်ထားခြင်းဖြစ်ပြီး ဈေးခြင်းတောင်းအဖြစ် အများဆုံးအသုံးပြုသည်ကို သိရှိရပါသည်။
DOCA(ပဲခူး)