Main menu

ကျောက်ပန်းတောင်းမြို့တွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်း

Powered by Drupal

    စားသုံးရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် ၂၇-၁၁-၂၀၂၅ ရက်နေ့ နေ့လည်(၁၄:၀၀) အချိန်တွင် ၊ ကျောက်ပန်းတောင်းမြို့ပေါ်ရှိ အောင်မင်္ဂလာ ရပ်ကွက်၊ ရွှေကံ့ကော် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်တွင် ရောင်းချလျက်ရှိသော ဘိလပ်မြေ၊ သံပန်း၊ သံပင်၊ ထုံး၊ သံ၊ သွပ်၊ ပိုက်အမျိုးမျိုး၊  စသည့် အိမ်ဆောက်ပစ္စည်း နှင့်ဆက်စပ်ပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိစေရေး ၊ ရောင်းချနေသောကုန်ပစ္စည်း များတွင် ပစ္စည်းပြတ်လပ်မှု ရှိ/ မရှိ၊ သယ်ယူပို့ဆောင်ခအပါအဝင်  သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချစေရေး အတွက် ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။ 

DOCA(မန္တလေး)