Main menu

“ခရမ်းမြို့နယ်တွင် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်းရှိ မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် ကုန်စည်အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ သက်တမ်းကျော်လွန်နေမှု ရှိ/ မရှိနှင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်၏ လိပ်စာပြည့်စုံများ ဖော်ပြထားခြင်းရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပြီး မုန့်မျိုးစုံရောင်းချသော  ဈေးဆိုင်ပိုင်ရှင်များအား မိမိတို့ ဆိုင်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသောကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် သက်တမ်းလွန်နေသော မုန့်များအား ရောင်းချခြင်းမပြုလုပ်ကြရန် မြို့နယ်တာဝန်ခံက အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)