
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လျာထားစိုက်ဧက (၈၁၃၆၂)ဧကအား ဖြစ်ထွန်းအောင်မြင်စွာဖြင့် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပြီး Drum Seeder ဖြင့် အများဆုံးစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပြီး ယခုအချိန်တွင် ကျေးရွာအုပ်စုများရှိ လယ်ယာမြေများ စပါးရိတ်စက်ကြီးများနှင့် စတင်ရိတ်သိမ်းခြွေလှေနေပြီးဖြစ်ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှံစပါး စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသအတွင်း စားရေးရိက္ခာ ဖူလုံစေရန်နှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ ဒေသခံတောင်သူများ တစ်မြို့နယ်လုံးအတိုင်းအတာ မိုးစပါးသီးနှံစိုက်ဧက (၈၁၃၆၂) ဧက ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံတောင်သူများ အဓိကထားစိုက်ပျိုးသည့် သီးနှံများမှာ ဧည့်မထ(အထွက်ကောင်းမျိုး)နှင့် အခြားစပါး (အထွက်ကောင်းမျိုး) စပါးများကို အဓိက ထားစိုက်ပျိုးကြပြီး ယခုအချိန်တွင် Drum Seeder ဖြင့် စိုက်ပျိုးထားသော လယ်ယာမြေများ စတင်ရိတ်သိမ်းခြွေလှေလျက်ရှိပြီး တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၇၇.၅၀)တင်းထွက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
