Main menu

 “ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိမြေပြင် ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၄၂-ဃ) ကျိုက်ခေါက် ဘုရားလမ်း၊ သောက်တော်တွင်းရပ်ကွက်ရှိ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးဦးသိန်း မောင်နှင့်ဝန်ထမ်းများသည် ဒီဇင်ဘာလ(၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ၎င်းလုပ်ငန်းအနေဖြင့် ကုန်စည်များပေါ်တွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်မှူး ဦးဦးသိန်းမောင်က စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ပိုင်ရှင်နှင့် တွေ့ဆုံကာ ကုန်စည်များတွင် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံ ဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ကုန်စည်များအား ဖြန့်ဖြူး ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအတိုင်း ပြည့်စုံစွာဖော်ပြပြီးမှသာ ရောင်းချခြင်းပြုလုပ်ကြရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)