
အညာဒေသဖြစ်သော မြင်းခြံမြို့မြို့ရှိ အေးမြသီတာဈေးအတွင်း၌ မြန်မာ့ရိုးရာမုန့်အမျိုးမျိုး ရောင်းချလျက်ရှိရာ ငှက်ပျောဆိုင်းထုပ်မျာကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပတ်တွင် ရောင်းချနေသောငှက်ပျောဆိုင်းထုပ် (၂၅) ကျပ်သားပါတစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ နှစ်ထုပ်လျှင် (၃၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချရကြောင်း၊ မြန်မာ့ရိုးရာ အစား အစာဖြစ်သောကြောင့် လူကြိုက်များ၍ စားသုံးမှုများပြားပြီး အရောင်းအဝယ်ကောင်း ကြောင်း၊ နေ့စဉ်ပုံမှန်အထုပ်အရေအတွက် (၁၀၀-၁၅၀)ခန့်ရောင်းချရကြောင်း၊ ငှက်ပျောဆိုင်းထုပ် ပြုလုပ်ရာ တွင် ကောက်ညှင်းဆန်ကို (၅) နာရီကြာရေစိမ်ရကြောင်း၊ ဆယ်ယူ၍ကောက်ညှင်းဆန်ကို ရေစစ်ထားရကြောင်း၊ သန့်စင်ပြီး အပူပေးထားသော ငှက်ပျောဖက်ရွက်ပေါ်သို့ ကောက်ညှင်းဆန်တစ်ထပ်ထည့်ပါ ပြီးလျှင်ကြိတ်ချေထားသော ငှက်ပျောသီးနှင့်သကြားများ ကိုအလယ်မှာထည့်၍ ကောက်ညှင်းဆန်ဖြင့်ထပ်မံ ဖုံးအုပ်၍ ငှက်ပျောဖက်ကိုလိပ်ပြီး ကျစ်ကျစ်လစ်စွာထုပ်ပိုး၍ နှီးကြိုး ဖြင့်ချည်နှောင်ပြီး ပွက်ပွက်ဆူသော ရေနွေးအိုးထဲသို့ တစ်နာရီခန့်ထည့်ပြုပ်ရကြောင်း၊ ထို့နောက် မွှေးကြိုင်ချိုစိမ့်နူးနှပ်သော ငှက်ပျောဆိုင်းထုပ်များရရှိကြောင်း ငှက်ပျောထုပ်ပြုလုပ်ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
