Main menu

ဒေသထွက် ကုန်းသာအိုးလုပ်ငန်း

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ကုန်းသာကျေးရွာအုပ်စု ကုန်းသာကျေးရွာရှိတောင်သူအများစုမှာ ဒေသထွက်အိုးလုပ်ငန်းဖြင့် မိရိုးဖလာ တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြကြောင်း သိရှိရပါသည်။

            အိုးလုပ်ငန်းနှင့်ပတ်သက်၍ ကုန်းသာကျေးရွာမှ တောင်သူ ဒေါ်ရီရီဝင်းနှင့်တွေ့ဆုံ၍ မေးမြန်းချက်အရ မြေအိုးပြုလုပ်ရာတွင် လယ်မြေကြီးကို ကုန်ကြမ်းအဖြစ် အဓိကအသုံးပြုပြီး သဲနှင့်ရောစပ်၍ ပုံစံသွင်း၊ နေလှမ်း၊ အိုးရိုက်၊ ပန်းပွင့်ဖော်၊ မီးဖုတ်အဆင့်ဆင့် ပြုလုပ်ရကြောင်း သိရှိရပါသည်။ ဒေသထွက်အိုးလုပ်ငန်းသည် ကျေးရွာအနေဖြင့် အိမ်ရှိမိသားစုလုပ်ငန်းဖြစ်သည့်အတွက် အလုပ်သမားငှားရမ်းခြင်းမရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထုတ်လုပ်သောအိုးများအနေဖြင့် အင်တုံ(ကြီး/သေး) ကျပ်(၂၀၀၀/၁၀၀၀)၊ သောက်ရေအိုး ကျပ်(၁၅၀၀) ၊ ပန်းအိုး(ကြီး/သေး) ကျပ် (၂၀၀၀/၁၀၀၀) တို့ဖြင့် ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချကြောင်း သိရှိရပါသည်။ ဈေးကွက်အနေဖြင့် နတ်တလင်းမြို့နယ်အတွင်းသာမက  အခြားမြို့နယ်များအထိရောင်းချနိုင်ပြီး ရန်ကုန်မြို့အထိ တင်ပို့ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)