Main menu

ဈေးနှုန်းကျဆင်းလာသောမြင်းခြံမြို့၏ဂျူးမြစ်ဈေးနှုန်း

Powered by Drupal

   မြင်းခြံမြို့အေးမြသီတာဈေးတွင် ရောင်းချနေသော ဂျူးမြစ်များကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိကုန်စိမ်းပွဲရုံများမှ မှာယူရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ဂျူးမြစ် တစ်ပိဿာလျှင် (၇၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင်ဂျူးမြစ် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ အရည်အသွေးနှင့် လတ်ဆတ်မှုအပေါ်တွင် ဈေးနှုန်းများ အနည်းအငယ် ကွာခြားကြောင်း၊ စားသုံးမှုများ၍ ဒေသတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ စားသုံးမှုအနေဖြင့် ဂျူးမြစ်နှင့် ကြက်ခြေ ထောက်မာလာသုပ်၊ ဂျူးမြစ်ထောင်း၊ ဂျူးမြစ်အစပ်ကြော် စသည်တို့ဖြင့် အမျိုးမျိုးချက်ပြုပ် စားသောက်ကြကြောင်း၊ ဂျူးမြစ်သည် အရေပြားကျန်းမာရေးအတွက် များစွာအကူပြုပြီး၊ အစိုဓာတ် ထိန်းပေး၍ အသားအရည်ကြည်လင်လှပကြောင်း၊ အစာခြေစနစ် ကိုကောင်းမွန်၍ အစာအိမ် ရောင်ခြင်း၊ အူလမ်းကြောင်း ပြဿနာများကို သက်သာစေကြောင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသောကြောင့် လတ်ဆတ်သော ဂျူးမြစ်များကို ရွေးချယ်စားသုံးသင့်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)