မြင်းခြံခရိုင်သည် ကြက်သွန်နီသီးနှံကို မိုးသီးနှံနှင့် ဆောင်းသီးနှံဟူ၍ နှစ်ရာသီစီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ မိုးကြက်သွန်နီကို စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင် စတင်စိုက် ပျိုးကြပြီး၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ် လေ့ရှိပါသည်။ ယခင်နှစ်ကာလတူ မိုးကြက်သွန်နီ စိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့် (၁၅၉၂)ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်ကာလတူ စိုက်ဧကမှာ ခရိုင်ချုပ်အနေဖြင့် ၂၀၂၅/၂၀၂၆ခုနှစ်တွင် စိုက်ပျိုးပြီးဧက(၂၆၁၆)ဧက စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ယခုနှစ်မြို့နယ်များ အနေဖြင့် မိုးကြက်သွန်နီစိုက်ဧကများမှာ မြင်းခြံမြို့နယ်တွင်(၉၃၉)ဧက တောင်သာမြို့နယ်တွင် (၂၈၀)ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၃၉၇)ဧက စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ်တွင် မိုးကြက်သွန်နီများကို ယခင်နှစ်ထက် (၁၀၂၄)ဧကကျော် ပိုမိုစိုက်ပျိုးထား ကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၂၁၀၀) ပိဿာခန့် ထွက်ရှိခဲ့ကြောင်း၊ ယခင် နှစ်ထွက်ပေါ်ချိန်၌ မိုးကြက်သွန်နီ တစ်ပိဿာဈေးနှုန်းများအနေဖြင့် အကြီး(၁၈၀၀-၂၀၀၀) ကျပ်၊ အလတ် (၁၂၀၀-၁၅၀၀)ကျပ်၊ အသေး(၈၀၀-၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ကြက်သွန်နီ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)
