Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် နိုဝင်ဘာလ ( ၁၁ ) ရက်နေ့မှ နိုဝင်ဘာလ ( ၁၅ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သီပေါ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ မှ ၃၅၀၀ ၊ မုံရွာ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ မှ ၁၅၀၀၊ ၁၀၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀ မှ ၄၀၀ ၊ အလုံး သေး ကျပ် ၃၀၀ မှ ၂၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၃၀၀၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး  ကျပ် ၈၀၀ မှ ၅၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၁၇၀၀၊ အလုံးသေး ကျပ် ၁၁၀၀ ၊ ပြင်ဦးလွင်မှ နဂါးမောက်သီး (အနီ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၄၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၁၀၀၀၀၊ တိုက်ကြီး မှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ တိုက်ကြီး မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၆၀၀၊ မော်လမြိုင် မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်း မန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)