Main menu

သစ္စာပန်းဈေးနှုန်း

Powered by Drupal

   မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါသည်။ ပန်းများစိုက်ပျိုးမှုများသော ကျေးရွာများမှာ ဆင်တဲကျေးရွာ၊ မြေတော်ကျေးရွာ၊ ဆင်ချောင်းကျေးရွာနှင့်  မြစ်ကမ်းဘေးကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ မြင်းခြံမြို့ အေးမြသီတာ ဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးတို့တွင် ဘုရားပန်းရောင်းချသောဆိုင်များ၊ ဘုရားတန်ဆောင်းတွင် ရောင်းချသောဆိုင်များသို့ တဆင့်ဖောက်သည်ပေးခြင်း၊ ကိုယ်တိုင်လာရောက် ရောင်းချကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့် စံပြဈေးတို့တွင် အချို့ကဖောက်သည်ပေးပြီး အချို့ကကိုယ်တိုင် ရောင်းချကြောင်း ဒေသခံ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ဒီဇင်ဘာလ ပထမပတ်တွင် သစ္စာပန်းများ စတင်ပေါ်ပြီဖြစ်သောကြောင့် ရောင်းချသော ဈေးနှုန်းများမှာ အပင်(၅)ခက်ပါ တစ်စည်းလျှင် (၂၅၀၀)ကျပ် ရောင်းချရကြောင်း၊ သစ္စာပန်းကို ဒေသတွင်းကျေးရွာ များမှ ပန်းရာသီကုန်လျှင် ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း ပန်း‌ရောင်းချသူထံမှ သိရသည်။

DOCA(မန္တလေး)