
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ(၄)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ် ၊ ဘယ်လင်း အခြေခံပညာ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ် ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်တာဝန်ခံ ဦးစိုးလွင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးသန်းထိုက်မှ ဓါတုဆိုးဆေးများပါဝင်သော အစားအစာများအား ဝယ်ယူစားသုံးခြင်း မပြုရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည် ။ အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား / ကျောင်းသူများ ၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဆရာ / ဆရာမများ နှင့် ကျောင်းသား / ကျောင်းသူများအား စားသုံးသူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းမုန့်စျေးတန်းရှိ မုန့်ဆိုင်များအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
