Main menu

တောင်ငူမြို့ ပန်းပဲလုပ်ငန်း

Powered by Drupal

               တောင်ငူမြို့  ၂၂ ရပ်ကွက်၊ ပန်းပဲလမ်းတွင် ပန်းပဲလုပ်ငန်းများလုပ်ကိုင်ရာတွင် ဓားကောက်၊ ဓားရှည်၊ ဓားမ၊ ဓားမြှောင် စသည်ဖြင့် အမျိုးအစားစုံလင်စွာထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ပန်းပဲလုပ်ငန်းအတွက် တစ်နေ့လျှင် ကားလေးသံ ၁၅ ပိဿာနှင့် မီးသွေး ၂ အိတ်ခန့် အသုံပြုရပါသည်။

             ပန်းပဲလုပ်ငန်းတွင် လုပ်သားအင်အား (၉)ယောက်ခန့်သုံးရပြီး ၁ ဦးလျှင် လုပ်အားခ ၉၀၀၀ ကျပ်ခန့်ပေးရကြောင်း သိရှိရပါသည်။  ကုန်ကြမ်းအတွက် ကားလေးသံတစ်ပိဿာကို ၃၀၀၀ ကျပ် ဝယ်ယူရပြီး ပန်းပဲလုပ်ငန်းမှထွက်လာသော ကုန်ချောသံ(ဓါး)များအား ၁ပိဿာလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချကြောင်း သိရှိရပါသည်။  ကားလေးသံတစ်ပိဿာလျှင် ဓားမ ၃ ချောင်း ထွက်ရှိပါသည်။

               ထွက်ရှိလာသောဓားများအား တောင်ငူမြို့ရှိဓားဆိုင်များသို့ အဓိကထားသွင်းပြီး မော်လမြိုင်၊ ဘားအံနှင့် ဖာပွန်မြို့များမှ တစ်နှစ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ထိ အမှာရှိပြီး ဓားချောင်းရေ ၂၀၀ မှ ၃၀၀ ခန့် ပို့ပေးရကြောင်း ပန်းပဲလုပ်ငန်းပိုင်ရှင်တစ်ဦးပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)