Main menu

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ  စားသုံးဆီဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၃.၁၂.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီက  မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးအတွင်းရှိ စားသုံးဆီဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးများတွင်  ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်(၃)ဆိုင်ရှိ Meizan Lotus, Goody   စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေ ပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ၂/၂၀၁၉  ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဌာနမှ ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထား ခြင်းရှိ/မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)