နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဆောင်းဝင်လာပြီဖြစ်၍ ရာသီတုပ်ကွေးရောဂါများ ဖြစ်ပွားလျက်ရှိရာ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျှက်ရှိကြသော အိမ်သုံးဆေးဝါးများ နှင့် နေအိမ်သုံး ဆရာဝန်ညွှန်ကြားချက် မလိုအပ်သော ဆေးများမှာ အောက်တိုဘာလ စတုတ္ထအပတ်မှ နိုဝင်ဘာလ တတိယအပတ်အထိ ဆေးဝါးစျေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျှက်ရှိသော အိမ်သုံးဆေးဝါးနှင့် အိမ်သုံး အားဆေးများ၏ စျေးနှုန်းများမှာ နိုဝင်ဘာလ တတိယပတ်တွင်Decogin (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၂၀၀၀)၊ Biogesic (၁၀) လုံးပါတစ်ကဒ်လျှင် ကျပ်(၉၅၀)၊ Amoxacillin (၁၀၀)လုံးပါ တစ်ဗူးလျှင် ကျပ်(၂၈၀၀)၊ Cetrine (၁၀)လုံး ပါတစ်ကဒ်လျှင် ကျပ်(၂၅၀)၊ ဓါတ်ဆား(MPF) တစ်ထုပ်လျှင် ကျပ်(၃၀၀)၊ Flemex (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၄၀၀၀)၊ Solmux (၄)လုံးပါ တစ်ကဒ်လျှင် ကျပ်(၁၅၀၀)၊ Alexal (၁၀)လုံးပါ တစ်ကဒ်လျှင်ကျပ်(၂၁၀၀)၊ Mexagrip (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၅၀၀)၊ Enorvon-c (၄)လုံးပါ တစ်ကဒ်လျှင် ကျပ်(၁၅၅၀)၊ Oramin- G (၅)လုံးပါ တစ်ကဒ်လျှင် ကျပ်(၂၇၅၀)၊ Becozine (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၃၉၅၀)၊ Vitahome (၁၀)လုံးပါတစ်ကဒ် လျှင် ကျပ်(၁၇၀၀)၊ Vitacee (၁၅)လုံးပါ တစ်ကဒ်လျှင် ကျပ်(၄၂၅၀)ဖြစ်၍ ယခင်အောက်တိုဘာလ စတုတ္ထပတ်ထက် ယခုအပတ်တွင် Decogin ကျပ်(၅၀)၊ Amoxacillin ကျပ်(၅၀)၊ Cetrine ကျပ်(၅၀)၊ Flemex ကျပ်(၁၀၀)၊ Solmux ကျပ်(၃၅၀)၊ Alexal ကျပ်(၅၀)၊ Mexagrip ကျပ်(၅၀)၊ Enorvon-c ကျပ်(၁၀)၊ Becozine ကျပ်(၅၀)၊ Vitahome ကျပ်(၅၀)၊ Vitacee ကျပ်(၁၀၀)ဖြင့် အသီးသီးစျေးနှုန်း မြင့်တက်ခဲ့ပြီး အတက်အကျရှိကြောင်းလည်း ဆေးဆိုင်များမှ သိရှိရပါသည်။
DOCA(မကွေး)