
၄.၁၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စစ်ဆေးရေးအရာရှိ ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အိမ်အမှတ်(ခ/၂၄၁)နေ ဒေါ်မေလွင်ဦး တရုတ်လမုန့်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီးမျိုးစုံ ရောင်းဝယ်ရေးအွန်လိုင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူးမှ အွန်လိုင်းစနစ် ဖြင့်ရောင်းချ သောလုပ်ငန်းအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း မြေပြင်တွင် လုပ်ငန်းအမှန်တကယ် ရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု အမှန်တကယ် ရှိ/မရှိ တို့အား မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
